မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၇

        တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျွဲကူး) ၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါကျောင်း ပုလဲရွှေရည်ခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။ ယင်းနောက် ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ် ဝန်တန်းစာမေးပွဲများတွင် ထူးချွန်စာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် စာစီစာကုံးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများနှင့် သင်ကြားပြသမှုစွမ်းဆောင်ရည်ဆုရ ဆရာ၊ ဆရာမများအား ဒုတိယ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ဒုတိယတိုင်းမှူးက ပညာရေးငွေ ပဒေသာပင် အလှူငွေကျပ် ၅ သိန်းအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။