စစ်မှုထမ်းဆောင်ရန်ငြင်းဆန်သည့် ဂျာမနီနိုင်ငံသားအရေအတွက် စံချိန်တင်မြင့်တက်

စစ်မှုထမ်းဆောင်ရန်ငြင်းဆန်သည့် ဂျာမနီနိုင်ငံသားအရေအတွက် စံချိန်တင်မြင့်တက်

စစ်မှုထမ်းဆောင်ရန်ငြင်းဆန်သည့် ဂျာမနီနိုင်ငံသားအရေအတွက်သည် စံချိန် တင်မြင့်တက်လာကြောင်း တာဝန်ရှိသူများ ထုတ်ပြန်ချက်ကိုကိုးကား၍ RND သတင်း ဌာနကဖော်ပြထားသည်။

ထိုကဲ့သို့ စစ်မှုထမ်းဆောင်ရန်ငြင်းဆန်သော ဂျာမနီနိုင်ငံသားအရေအတွက်သည် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ငါးဆနီးပါးမြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုမိသားစုနှင့်အရပ်ဘက်ရေးရာရုံးက  ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်တုန်းက စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်တောင်းခံတဲ့လျှောက်လွှာအရေအတွက်က ၂၀၁ စောင်သာရှိပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ၉၅၁ စောင်အထိ မြင့်တက်လာပါတယ်}} ဟု အဆိုပါရုံးမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ယခုဖြစ်ပေါ်နေသော   စစ်မှုထမ်းရန် ငြင်းဆန်သူအရေအတွက်ပမာဏသည် လူဦးရေ ၁၈၃၀၀၀ ခန့်ရှိသည့်  ဂျာမနီတပ်မတော်အတွက် ပြောပလောက်သောပမာဏမဟုတ်သော်လည်း    ထိုသို့ငြင်းဆန်သူအရေအတွက်  မြင့်တက်လာခြင်းက တစ်စထက်တစ်စ ကြီးမားလာသည့် ပြဿနာတစ်ရပ်ဖြစ်လာသည်။

ဂျာမနီတပ်မတော်သည် ခုနစ်နှစ်အတွင်း စစ်အင်အားကို ၂၀၃၀၀၀ အထိရောက်ရှိ စေရေးလုပ်ဆောင်သွားမည်ဟု ၂၀၁၈ ခုနှစ်တွင်ကြေညာထားသည်။

သို့သော် ဂျာမနီတပ်မတော်အနေဖြင့် ယူကရိန်းပဋိပက္ခတွင် စစ်လက်နက်ပစ္စည်း များထောက်ပံ့ခြင်းနည်းလမ်းမှ တစ်ဆင့် ပါဝင်နေသောကြောင့် ၎င်းတို့ထံ၌ စစ်လက်နက်များ လျော့နည်းလာသည့်ပြဿနာ နှင့်ရင်ဆိုင် နေရသည်။

တစ်ချိန်တည်းမှာပင် စစ်မှုထမ်းဆောင် ရန်ငြင်းဆိုသူအရေအတွက်သည်လည်း မြင့်တက်လာခြင်းဖြစ်ကြောင်း     သိရသည်။

Ref: RT