အနှစ် ၅၀၀၀၀ လျှင် တစ်ကြိမ်သာဖြတ်သန်းမည့် ကြယ်တံခွန်ကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်

အနှစ် ၅၀၀၀၀ လျှင် တစ်ကြိမ်သာဖြတ်သန်းမည့် ကြယ်တံခွန်ကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်

လာမည့်သီတင်းပတ်များအတွင်း နေနှင့် ကမ္ဘာတို့ကို ဖြတ်သန်းသွားမည့် အသစ်ထပ်မံ တွေ့ရှိထားသော ကြယ်တံခွန်ကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်မည်ဖြစ်ကြောင်းနှင့် ထိုကြယ်တံခွန်သည် အနှစ် ၅၀၀၀၀ လျှင် တစ်ကြိမ်သာ ဖြတ်သန်းမည့်ကြယ်တံခွန်ဖြစ် ကြောင်း နက္ခတ္တပညာရှင်များက ပြောသည်။

အဆိုပါ   ကြယ်တံခွန်၏ အမည်ကို C/2022 E3 (ZTF) ဟုပေးထားပြီး ၎င်းကို ၂၀၂၂ ခုနှစ် မတ်လတွင် ကြာသပတေး  ဂြိုဟ်အနီး၌ တွေ့ရှိခြင်း ဖြစ်သည်။

ယခုအခါ ထိုကြယ်တံခွန်သည် ဇန်နဝါရီ ၁၂ ရက်တွင် နေ၏အနီးမှလည်းကောင်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကမ္ဘာဂြိုဟ်အနီးမှ လည်းကောင်း ဖြတ်သန်းသွားမည်ဖြစ်သည်။

ထို့ကြောင့် ညအချိန်ကောင်းကင်ယံတွင် အလင်းရောင်အားနည်းပါက အဆိုပါကြယ် တံခွန်ကို မှန်ပြောင်းဖြင့် သာမက သာမန်မျက်စိဖြင့်လည်း မြင်ရမည်ဖြစ်သည်။

ယင်းကြယ်တံခွန်သည် ကမ္ဘာဂြိုဟ်အနီးမှ ဖြတ်သန်းသည့်အခါ အတောက်ပဆုံး ဖြစ်နေမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်မှ ရူပဗေဒပညာရှင် သောမတ်ပရင့်ကပြောသည်။

ရေခဲများ၊ ဖုန်မှုန့်များဖြင့်ဖွဲ့စည်းဖြစ် တည်နေသည့်  အဆိုပါကြယ်တံခွန်သည် အစိမ်းရောင်သန်းသည့်အရောင်ကို ထုတ် လွှတ်နေပြီး အတိုင်းအတာအားဖြင့် အချင်း ၁ ကီလိုမီတာ   ဝန်းကျင်ခန့်ရှိကြောင်း ဒေါက်တာ နီကိုးလပ်ဗိုက်ဘာက ပြောသည်ဟု သိရသည်။              

Ref: TST