ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဆီးရီးယားအာရပ်သမ္မတနိုင်ငံ သမ္မတမစ္စတာ ဘာရှာအယ် အာဆတ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းနှင့် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အဆွေတော်၏ နှစ်လိုဖွယ် နိုင်ငံတော်ကြီး ပိုမိုတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။

နှစ်နိုင်ငံ ပြည်သူများအကျိုးစီးပွားအတွက် ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား ပိုမိုတိုးတက် ခိုင်မာစေရေး အတူတကွ လက်တွဲဆောင်ရွက်သွားရန် မိမိတို့၏ စိတ်ဆန္ဒရှိမှုအား ထပ်လောင်း အတည်ပြု ပြောကြားလိုပါသည်။