တောင်ကိုရီးယားက အစ္စရေးနိုင်ငံထုတ် ကြိုတင်သတိပေးစနစ်ကို ဝယ်ယူရန်စဉ်းစား

တောင်ကိုရီးယားက အစ္စရေးနိုင်ငံထုတ် ကြိုတင်သတိပေးစနစ်ကို ဝယ်ယူရန်စဉ်းစား

တောင်ကိုရီးယားစစ်ဘက်က အစ္စရေးနိုင်ငံထုတ် ကြိုတင်သတိပေးစနစ်ဖြစ်သော  Sky Spotter ကို ဝယ်ယူရန်စဉ်းစားနေကြောင်း ပြည်တွင်းသတင်းဌာနများက ဖော်ပြထားသည်။

အဆိုပါကြိုတင် သတိပေးစနစ်သည် ဒရုန်းများကဲ့သို့သော  ဝေဟင်ပေါ်ရှိအရာဝတ္ထုများကို ရှာဖွေ ထောက်လှမ်းခြေရာ ခံနိုင်မည်ဖြစ်သည်။

စစ်ဘက်တာဝန်ရှိသူများက ထိုစနစ်အနေဖြင့်   မြောက်ကိုရီးယားမှဒရုန်းခြိမ်းခြောက်မှုများကို ကောင်းစွာတုံ့ပြန်နိုင်ခြင်း ရှိ၊ မရှိ လေ့လာသုံးသပ်မှုများ လုပ်ပြီးနောက် အဆိုပါ စနစ်ကိုဝယ်မည်၊ မဝယ်မည်ကို  လာမည့်သီတင်းပတ်များတွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဒီဇင်ဘာလအတွင်း မြောက်ကိုရီးယားနိုင်ငံမှဟုယူဆရသည့်  ဒရုန်းများသည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်မှုဖြစ်ပွားသည်။

တောင်ကိုရီးယားဘက်က ထိုဒရုန်းများကိုပစ်ချရန်ကြိုးစားပြီး တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို  စေလွှတ်ခဲ့ရာ တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရသည်။

တောင်ကိုရီးယားသမ္မတမွန်ဂျေးအင်လက်ထက်တွင် မြောက်ကိုရီးယားကို ရန်သူအဖြစ်သတ်မှတ်ထားမှုမှ   ပယ်ဖျက်ခဲ့သော်လည်း နောက်တက်လာသည့်ယခုသမ္မတလက်ထက်တွင်မူ တစ်နယ်တည်းသားများဖြစ်သည့် မြောက်ကိုရီးယားကို ရန်သူအဖြစ်   ပြန်လည်သတ်မှတ်ထားသည်။

အလားတူ အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်တို့နှင့်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်သည်ဟူသော အကြောင်းပြချက်ဖြင့် အာရှပုံစံ NATO တပ်ဖွဲ့ကိုဖန်တီးနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပြောထားသည်။

Ref: Sputnik