ဒီဇင်ဘာလအတွင်း လာအိုနိုင်ငံ၏ငွေကြေးဖောင်းပွမှု ၃၉ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်

ဒီဇင်ဘာလအတွင်း လာအိုနိုင်ငံ၏ငွေကြေးဖောင်းပွမှု ၃၉ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း လာအိုနိုင်ငံ၏ငွေကြေးဖောင်းပွမှုသည် ၃၉  ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ ယမန် နှစ်အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ကြောင်း လာအိုစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်  နိုဝင်ဘာလအတွင်း ငွေကြေးဖောင်းပွမှုသည် ၃၈ ဒသမ ၄၆ ရာခိုင်နှုန်းသာရှိရာမှ ဒီဇင်ဘာလတွင် ၃၉ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ ငွေကြေးဖောင်းပွမှုမြင့်တက်ရသည့် အကြောင်းရင်းများအနက် အဓိက အကြောင်းရင်းများမှာ ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ၊ လူသုံး ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် လာအိုငွေတန်ဖိုးကျဆင်းခြင်းတို့ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးတွင် ဈေးနှုန်းများသည် ၅၀ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စားသောက်ကုန်နှင့် အရက်မဟုတ်သောဖျော်ရည်များ ဈေးနှုန်းမှာ ၄၅ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကိုတွေ့ရသည်။

အလားတူ အိမ်သုံးပစ္စည်းဈေးနှုန်းများက ၃၂ ဒသမ ၁ ရာခိုင်နှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများဈေးနှုန်းက ၄၂ ဒသမ ၁ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်စားသောက် ဆိုင်များတွင် ဈေးနှုန်းများက ၃၂ ဒသမ ၂ ရာခိုင်နှုန်းစီအသီးသီးမြင့်တက်ခဲ့သည်။

ယခုကဲ့သို့ အရပ်ရပ်ကုန်ပစ္စည်းဈေးနှုန်း များမြင့်တက်နေခြင်းသည် အထူးသဖြင့် ဝင်ငွေ နည်းမိသားစုများကဲ့သို့ သာမန်ပြည်သူများ အတွက် ခက်ခဲမှုများကိုဖြစ်ပေါ်စေကြောင်း သိရသည်။                

Ref: Xinhua