ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ -

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများက ကြိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။ ထို့နောက် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက် အကောင်းဆုံးဆုရရှိသော အခြေခံပညာ အထက်တန်းကျောင်းများနှင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းမှူးက ပညာရေး စုံညီပွဲတော်အတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး ကျောင်းများအလိုက် ခင်းကျင်းပြသထားသော ကျောင်းတွင်းလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား လှည့် လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။