တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်

တောင်ကြီးမြို့ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ -

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

      ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ကိန္နရီ ကိန္နရာ အကများဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းကို အဆိုပါကျောင်းရှိ ဒေါ်ခင်သိန်း ခန်းမဆောင်၌ ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်’’ တေးသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်း သားယဉ်ကျေးမှု တေးသီချင်း၊ ဇာတိမာန် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

      ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးစုံညီ ပွဲတော် အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။