တရုတ်က နယ်စပ်များကိုဖွင့်လှစ်ပြီးနောက် စက်သုံးဆီပမာဏအများအပြားတင်သွင်းမည်

တရုတ်က နယ်စပ်များကိုဖွင့်လှစ်ပြီးနောက် စက်သုံးဆီပမာဏအများအပြားတင်သွင်းမည်

တရုတ်အစိုးရက ကိုဗစ်-၁၉ ရောဂါကြောင့်   နယ်စပ်များကိုပိတ်ထားတာ သုံးနှစ်နီးပါးကြာပြီးနောက်   အခုတော့နယ်စပ်များကို ပြန်ဖွင့်လိုက်ပါပြီ။

အခုလိုနယ်စပ်များကိုပြန်ဖွင့်လိုက်ချိန်မှာပဲ ပုဂ္ဂလိကရေနံချက်စက်ရုံများအနေနဲ့ တင်သွင်းဖို့အတွက် အလွန်များပြားတဲ့ရေနံစိမ်းပမာဏကို  တာဝန်ရှိသူများက သတ်မှတ်ပေးလိုက်ပါတယ်။

ဒါကြောင့်   တရုတ်နိုင်ငံရဲ့နယ်စပ်ဝင်ပေါက်များကို ပြန်ဖွင့်ပေးခြင်းနဲ့အတူ သူတို့ရဲ့  စက်သုံးဆီဝယ်လိုအားကလည်း မကြာမီအချိန်မှာ အတိုင်းအတာတစ်ခုအထိ မြင့်တက်လာတော့မှာပါ။

တရုတ်အစိုးရ  တာဝန်ရှိသူများက ပုဂ္ဂလိကရေနံချက်စက်ရုံ ၄၄ လုံးအတွက် တင်သွင်းနိုင်တဲ့ရေနံစိမ်းပမာဏကို ယခုအသုတ်အတွက် မက်ထရစ်တန်ချိန် ၁၁၁ ဒသမ ၈၂ သန်းအထိသတ်မှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ကုန်သည်များက ဇန်နဝါရီ ရက်မှာပြောပါတယ်။

တရုတ်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကရေနံချက်စက်ရုံများအနေနဲ့ သူတို့အတွက်လိုအပ်တဲ့ ရေနံစိမ်းတွေကို အသုတ်လိုက်ခွဲပြီး မှာယူတင်သွင်းရတာပါ။

အသုတ်တစ်သုတ်မှာ တင်သွင်းရမယ့် ပမာဏကိုတော့ တာဝန်ရှိသူများက သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်အတွက် သတ်မှတ်ထားတဲ့ တင်သွင်းရမယ့်ရေနံစိမ်းပမာဏစုစုပေါင်းက တန်ချိန် ၁၃၂ တန်အထိရှိလာပါပြီ။

ဒီပမာဏဟာ  ပြီးခဲ့တဲ့နှစ်အလားတူကာလသတ်မှတ်ပမာဏဖြစ်တဲ့ ရေနံစိမ်းတန်ချိန် ၁၀၉ သန်းထက် များစွာမြင့်မား နေတာကိုတွေ့ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နယ်စပ်များကိုပြန်ဖွင့်လိုက်ခြင်းက ဇန်နဝါရီ ရက်မှာ ကမ္ဘာ့စက်သုံးဆီဈေးကို ရာခိုင်နှုန်းအထိ မြင့်တက်သွားစေပါတယ်။

ဒါ့အပြင် လာမည့်သီတင်းပတ်များအတွင်းမှာ တရုတ်နှစ်သစ်ကူးကာလကလည်း ရှိနေသေးတဲ့အတွက်   ခရီးသွားလာမှု တွေက ပိုမိုများပြားလာမှာဖြစ်တာကြောင့် စက်သုံးဆီဝယ်လိုအားနဲ့အတူ စက်သုံးဆီဈေးနှုန်းကလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ တရုတ်နိုင်ငံအနေနဲ့ စက်သုံးဆီဝယ်လိုအားမြင့်တက်လာနိုင်စေတဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုရှိပါတယ်။

အဲဒါကတော့ တရုတ်တာဝန်ရှိသူတွေက ပုဂ္ဂလိကရေနံချက်စက်ရုံများအနေနဲ့ ဒီနှစ်အတွင်း ပထမအသုတ်အနေနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ တန်ချိန်စုစုပေါင်း ၁၈ ဒသမ ၉၉ သန်းအထိ တင်ပို့ရောင်းချခွင့်ပြုထားခြင်းပါပဲ။

တရုတ်နိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ်တုန်းက အလားတူ တင်ပို့ရောင်းချခွင့်ပြုမှု  ပထမအသုတ်မှာ တန်ချိန် ၁၃ သန်းသာခွင့်ပြု ထားတာကြောင့် ဒီနှစ်ရဲ့ပထမအသုတ် ခွင့်ပြုမှုမှာတော့ ၄၆ ရာခိုင်နှုန်းမြင့်မားနေတာကိုတွေ့ရပါတယ်။

Ref: Oilprice