စစ်ကိုင်းတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ ဆောင်းနေကြာဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ ဆောင်းနေကြာဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခုတို့၌ ဆီထွက်သီးနှံ ဆောင်းနေကြာ ဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို   တိုးချဲ့ဧက ၃၀၀၀၀ ကျော် အပါအဝင် ၃၅၁၇၇၃ ဧက စိုက်ပျိုးနိုင်ရေး လျာထားခဲ့ပြီး လက်ရှိတွင် ဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်  ဆောင်းသီးနှံ စိုက်ပျိုးရာသီက စစ်ကိုင်းတိုင်းဒေသကြီး၌    ဆီထွက်သီးနှံ ဆောင်းနေကြာ  ၃၁၄၄၆၈  ဧက  တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။

]]၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာ ဧက ၃၀၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးဖို့ လျာထားခဲ့ပါတယ်။   စိုက်ပျိုးတဲ့သီးနှံတွေ အထွက်နှုန်း ကောင်းမွန်ဖို့ စီမံချက်နဲ့ လုပ်ဆောင်နေတာဖြစ်လို့ တောင်သူတွေရဲ့ လိုအပ်ချက်တွေကို     တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ပြီး  ဖြည့်ဆည်းပေးနေပါတယ်။ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေနဲ့   စိုက်ပျိုးရေး ဦးစီးဌာနက ကျွမ်းကျင်ဝန်ထမ်းတွေ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ညွှန် ကြားရေးမှူး ဦးဝင်းလှိုင်ဦး ကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်း နေကြာကို ခရိုင်အလိုက် စိုက်ပျိုးပြီးစီးမှု အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၌ ၇၅ ဧက၊ ခန္တီးခရိုင်၌ ဧက ၁၂၀၊ ဟုမ္မလင်းခရိုင်၌ ဧက ၃၇၀၊ မော်လိုက်ခရိုင်၌  ၇၈၉၆ ဧက၊  တမူးခရိုင်၌  ၃၂၄၃  ဧက၊ ကလေးခရိုင်၌ ၅၂၆၂၇ ဧက၊ ယင်းမာပင် ခရိုင်၌ ၈၃၆၁၈ ဧက၊ မုံရွာခရိုင်၌ ၃၁၁၂၁ ဧက၊ စစ်ကိုင်းခရိုင်၌ ၆၁၃၉၉ ဧက၊ ရွှေဘို ခရိုင်၌ ၆၄၆၆ ဧက၊ ရေဦးခရိုင်၌ ၁၅၁၈၄ ဧက၊ ကန့်ဘလူခရိုင်၌ ၃၇၈၅ ဧက၊ ကော လင်းခရိုင်၌ ၁၁၁၀၇ ဧက၊ ကသာခရိုင်၌ ၁၇၃၈၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။