မီးသတ်သမားများက ကင်ဆာကြောင့်သေဆုံးနိုင်ခြေ ၁ ဒသမ ၆ ဆပိုများ

မီးသတ်သမားများက ကင်ဆာကြောင့်သေဆုံးနိုင်ခြေ ၁ ဒသမ ၆ ဆပိုများ

သာမန်လူများထက် မီးသတ်သမားများ သည် အဆိပ်သင့်ဓာတုပစ္စည်းများကြောင့် ဖြစ်သည့် ကင်ဆာရောဂါ ဖြစ်ပွားမှုကြောင့်  သေဆုံးနိုင်ခြေ ၁ ဒသမ ၆ ဆပိုများကြောင်း စင်ထရယ်လန်ကာ ရှိုင်းယားတက္ကသိုလ်၏  ဇန်နဝါရီ ၁၀ ရက်ထုတ် သုတေသနစာတမ်း တွင်ဖော်ပြထားသည်။

အလားတူ မီးသတ်သမားများသည် နှလုံး ဖောက်ပြန်မှုကြောင့် သေဆုံးနိုင်ခြေ ၅ ဆနှင့် လေသင်တုန်းဖြတ်မှုကြောင့် သေဆုံးနိုင်ခြေ ၃ ဆပိုများကြောင်း မီးသတ်ဌာနသမဂ္ဂ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သော  အဆိုပါ သုတေသနတွင် ဆက်လက်ဖော်ပြထားသည်။

အထူးသဖြင့် မီးသတ်သမားများသည် မီးလောင်ရာမှ အများဆုံးထွက်ရှိလေ့ရှိသည့် ဘန်ဇင်း၊ ပိုလီဆိုင်းကလစ်အာရိုမတစ် ဟိုက်ဒရိုကာဗွန်များနှင့် တောယူအင်းဓာတုဒြပ်ပေါင်းများကြောင့် ယခုကဲ့သို့သေဆုံး နိုင်ခြေမြင့်မားရခြင်း ဖြစ်သည်။

ယခုသုတေသနသည် မီးသတ်သမားများ ရင်ဆိုင်နေရသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ရှိမှုကို မီးမောင်းထိုးပြနိုင်မည်ဖြစ်ကြောင်း ဦးဆောင်သုတေသီ   အန်နာစတက်ကပြောသည်။

ထို့ကြောင့် မီးသတ်သမားများ၏အသက် အန္တရာယ်ကိုကာကွယ်ရေးအတွက် ၎င်းတို့၏ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ခြင်း၊ လုပ်ငန်းခွင်မှအဆိပ်သင့်ဓာတုပစ္စည်းများနှင့်    ထိတွေ့မှုကို လျှော့ချခြင်းတို့က အလွန်အရေးကြီးသည့်  အချက်များဖြစ်ကြောင်း အန်နာစတက်က    ပြောထားသည်။

Ref: Sputnik