နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များအား အဝေးရောက်လက်ခံရယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံ တာဝန်ရှိသူများသွားရောက်၍ လက်ရောက်ချီးမြှင့်အပ်နှင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များအား အဝေးရောက်လက်ခံရယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံ တာဝန်ရှိသူများသွားရောက်၍ လက်ရောက်ချီးမြှင့်အပ်နှင်း

နေပြည်တော် ဇန်နဝါရီ  ၁၁

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များထံ ဂုဏ်ထူးဆောင်ဘွဲ့များကို  ကိုယ်တိုင် တစ်ဦးချင်းလက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင် ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိသည့်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီအပါအဝင် သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များကို လက်ရောက်ချီးမြှင့်အပ်နှင်းကြသည်။

ထိုသို့ချီးမြှင့်အပ်နှင်းရာတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် ဇေယျကျော်ထင်ဇော်ဟိန်းတို့က  သီရိပျံချီဘွဲ့ရရှိသူ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမောင်ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ  အမှတ်(၂)စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဦးမျိုးအောင်ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး(ငြိမ်း) ဦးစောလှမင်းကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန သံအမတ်ကြီး ဒေါ်မော်မော်(ကိုယ်စား)မောင်ဖြစ်သူ ဦးမင်းထွဋ်ကိုလည်းကောင်း၊  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နိုင်ငံခြားရေးဝန်ကြီးဌာန    သံအမတ်ကြီး(ငြိမ်း) ဦးစိုးဝင်း(ကိုယ်စား)ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းကြည်ကိုလည်းကောင်း ဂုဏ်ထူးဆောင် ဘွဲ့များ လက်ရောက်ချီးမြှင့်အပ်နှင်းသည်။

ထို့အတူ   မွန်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးဇော်လင်းထွန်းက   သီရိပျံချီဘွဲ့ ရရှိသူ ဦးအုန်းကျော်၊ ဝန်ကြီး(လူမှုဝန်ထမ်းဌာန၊ အလုပ်သမားဌာန)(ကိုယ်စား)ဇနီးဖြစ်သူ ဒေါ်သက်ဉာဏ်ကိုလည်းကောင်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ မွန် ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ရွှေကျင်(ကိုယ်စား) သားဖြစ်သူ ဦးကိုကိုဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ လက်ရောက်ချီးမြှင့် အပ်နှင်းသည်။

အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက သီရိပျံချီဘွဲ့ရရှိသည့် တောင်ကလေး ဆရာတော်နှင့် ဝဏ္ဏကျော်ထင် ဘွဲ့ရရှိသည့် မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန(ကိုယ်စား) ဒုတိယမြိုင်ကြီးငူဆရာ တော်တို့ထံ ဂုဏ်ထူးဆောင်ဘွဲ့များ ဆက်ကပ်သည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးက သီရိပျံချီဘွဲ့ရရှိသည့်  တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဥက္ကဋ္ဌ(DKBA) ဗိုလ်မှူးကြီးစောထွန်းလှိုင်နှင့်  ဟောင်သရောအထူးဒေသမှ ဂုဏ်ထူးဆောင်     ဒုတိယဗိုလ်မှူးကြီးစောဒေါဒေါ (ကိုယ်စား)ဗိုလ်မှူးချစ်ဝင်းတို့ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် သီရိပျံချီဦးမောင်ကိုက သတိုးမဟာသရေ စည်သူဘွဲ့ ရရှိသော နိုင်ငံတော်ဝန်ကြီးချုပ်(ငြိမ်း) ဦးမောင်မောင်ခ (ကိုယ်စား) ချွေးမဖြစ်သူ ဒေါ်လွင်လွင်မြင့် ကိုလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသော စာရေးဆရာဦးကိုလေး(ကိုလေးအင်း၀ ဂုဏ်ရည်) ကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ ရရှိသော ချင်းပြည်နယ်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ(ငြိမ်း)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး (ငြိမ်း) ဗိုလ်မှူးကြီးလှငွေ(ကိုယ်စား) ဇနီးဖြစ်သူ  ဒေါ်သိန်းသိန်းကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် ကိုကိုဦးက ဇေယျကျော်ထင် ဘွဲ့ရရှိသော စစ်ဥပဒေချုပ်(ငြိမ်း) ဗိုလ်ချုပ်သန်းဦး(ကိုယ်စား) ဇနီးဖြစ်သူ ဒေါ်မြင့်သန်း ကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသော ကရင်ရေးရာဝန်ကြီး မန်းဘဆိုင်(ကိုယ်စား) သားဖြစ်သူ မန်းဖုန်းဆိုင်ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။