အာရှဒေသ၌ ပိုးသတ်ဆေးကိုခံနိုင်ရည်ရှိသည့် ခြင်များပေါက်ပွားမှုအန္တရာယ်ကြီးမားလာနေ

အာရှဒေသ၌ ပိုးသတ်ဆေးကိုခံနိုင်ရည်ရှိသည့် ခြင်များပေါက်ပွားမှုအန္တရာယ်ကြီးမားလာနေ

အာရှဒေသ၌ ပိုးသတ်ဆေးကိုခံနိုင်ရည် ရှိသည့် ခြင်များပေါက်ပွားမှုအန္တရာယ်က ကြီးမားလာနေကြောင်းနှင့် ၎င်းင်းတို့ကိုထိန်းချုပ် နိုင်မည့် ဆန်းသစ်သောနည်းလမ်းများမှာ အရေးတကြီးလိုအပ်နေကြောင်း သုတေသန ပညာရှင်များက သတိပေးထားသည်။

ကျန်းမာရေးဝန်ထမ်းအများစုသည် ခြင်များပေါက်ပွားရာနေရာများကို ပိုးသတ်ဆေး အငွေ့များဖျန်းလေ့ရှိပြီး ထိုသို့လုပ်ဆောင် ခြင်းကြောင့် ခြင်များအနေဖြင့် ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိလာခြင်းဖြစ်သည်။

ယခုသုတေသနကို ဂျပန်သိပ္ပံပညာရှင်  ရှင်ဂျီကာဆိုင်းနှင့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့က အာရှဒေသရှိ နိုင်ငံအများ အပြားအပြင် ဂါနာနိုင်ငံတို့မှ ခြင်များကို လေ့လာခဲ့ခြင်းဖြစ်သည်။

ထိုသို့လေ့လာရာတွင်  ခြင်များသည် မျိုးရိုးဗီဇပြောင်းလဲလာပြီး ပိုးသတ်ဆေး ဖျန်းရာတွင်အသုံးပြုသည့် ပါမီသရင်ကဲ့သို့ သော ဓာတုပစ္စည်းများအနေဖြင့် ခြင်များအပေါ် သက်ရောက်မှုမရှိတော့သည်ကို  တွေ့ရသည်။

ဥပမာအားဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်ပျံ့နှံ့စေသည့် အေးဒီးခြင် ၉၀ ရာခိုင်နှုန်းကျော်သည်   ပြောင်းလဲမျိုးရိုးဗီဇများ ပေါင်းစပ်နေပြီး  ပိုးသတ်ဆေးကိုအလွန် အမင်းခံနိုင်ရည် ရှိနေကြောင်း သိပ္ပံပညာရှင်များကပြောသည်။  ထို့ပြင်  အချို့သော ခြင်မျိုးစိတ်များအနေဖြင့် ပိုးသတ်ဆေးကိုခံနိုင်ရည်က  အဆ ၁၀၀၀ အထိမြင့်တက်လာသည်ကို တွေ့ရကြောင်း   သိပ္ပံပညာရှင်များက ထုတ်ပြန်ထားသည်။

ခြင်များသည်   သွေးလွန်တုပ်ကွေးနှင့်   ငှက်ဖျားကဲ့သို့သောရောဂါများကို သယ်ဆောင်ပျံ့နှံ့စေနိုင်စွမ်းရှိပြီး  ခြင်များကြောင့် တစ်နှစ်လျှင် လူသန်း ၁၀၀ မှ ၄၀၀ အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံနေရကြောင်း သိရသည်။      

Ref: Bangkok Post