ဂျပန်အစိုးရအပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးသို့ကျဆင်း

ဂျပန်အစိုးရအပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးသို့ကျဆင်း

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ၏ အစိုးရအဖွဲ့အပေါ်  လူထုထောက်ခံမှုသည် အနိမ့်ဆုံးသို့ကျဆင်းလာကြောင်း စစ်တမ်း တစ်ခုတွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက အစိုးရအဖွဲ့အပေါ်လူထုထောက်ခံမှု ၃ ရာခိုင်နှုန်းကျဆင်းကာ ပြည်သူ ၃၃ ရာခိုင်နှုန်းကသာ အစိုးရကိုထောက်ခံတော့သည်ဟု ဂျပန်သတင်းဌာန တစ်ခု၏ ဇန်နဝါရီ ၁၁ ရက်ထုတ် စစ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဖူမီအိုကီရှီဒါအနေဖြင့် အစိုးရအဖွဲ့အကြီးအကဲတာဝန်ကို  စတင်ထမ်းဆောင်ပြီးနောက် ယခုကဲ့သို့ လူထုထောက်ခံမှုနှုန်း ကျဆင်းခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရအဖွဲ့အပေါ် ပြည်သူလူထု၏မယုံကြည်မှုသည် ၁ ရာခိုင်နှုန်းမြင့်တက်လာပြီး ၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်ကို တွေ့ရသည်။

ဂျပန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်နိုင်ရေးအတွက် အခွန်တိုးမြှင့်ကောက်ခံရန် သတ်မှတ်လိုက်မှုသည် လူထုထောက်ခံမှုနှုန်း ကျဆင်းစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။

အစိုးရ၏  ထိုကဲ့သို့သောရည်ရွယ်ချက်ဖြင့်  လုပ်ဆောင်မှုကို ထောက်ခံသူ ၂၈ ရာခိုင်နှုန်းသာရှိပြီး မထောက်ခံသူက ၆၁ ရာခိုင်နှုန်းအထိရှိသည်။

ထို့ပြင် ဂျပန်လွှတ်တော်ကိုဖျက်သိမ်းရန် လိုအပ်သည်ဟု ယုံကြည်သူ ၄၉ ရာခိုင်နှုန်းရှိကာ လွှတ်တော်ကိုဖျက်သိမ်းရန် ဆန့်ကျင်သူ ၃၅ ရာခိုင်နှုန်းရှိသည်။

အဆိုပါ  လူထုသဘောထားစစ်တမ်းကောက်ယူမှုကို   ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ   လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အထက်ရှိသူ အယောက် ၁၂၅၀ ဝင်ရောက်ဖြေဆိုကြောင်း   သိရသည်။

Ref: Sputnik