ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ပေးလျော်ရသည့် အာမခံငွေ ဒေါ်လာဘီလီယံ ၁၂၀ ရှိ

ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ပေးလျော်ရသည့် အာမခံငွေ ဒေါ်လာဘီလီယံ ၁၂၀ ရှိ

ရာသီဥတုပြောင်းလဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း ပေးလျော်ရသည့် အာမခံငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာဘီလီယံ ၁၂၀ အထိရှိကြောင်း သိရသည်။

ထို့ပြင်   အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနှင့်   ပါကစ္စတန်နိုင်ငံတို့၌ သဘာဝဘေးများစွာ ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်သည် ငွေကြေးကုန်ကျမှုစံချိန်တင် များပြားသည့်နှစ်ဖြစ်လာသည်။

ယခုကဲ့သို့ အကြီးစားဆုံးရှုံးမှုများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့နှင့် နှိုင်းယှဉ်ပါကနည်းပါးသည်ဟု ဆိုနိုင်သော်လည်း ကမ္ဘာကြီးသည် ရာသီဥတုပြောင်းလဲမှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သောကြောင့် လာမည့်နှစ်များတွင် သဘာဝဘေးကြောင့် ဖြစ်သည့် ဆုံးရှုံးမှုများမှာ ၂၀၂၂ ခုနှစ်၏စံချိန်များကိုပင် ချိုးဖျက်နိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း အလွန်ပြင်းထန်သည့် သဘာဝဘေး ၂၀ ကျော်နှင့်ရင်ဆိုင်ရပြီးနောက် ဆုံးရှုံးမှုများအတွက် ပေးလျော်ရသည့် အာမခံငွေပမာဏမှာ ဒေါ်လာ ၁ ဘီလီယံအထိရှိသည်။   ထို့ကြောင့် ၂၀၂၂ ခုနှစ်သည် အမေရိကန်နိုင်ငံအတွက် တတိယမြောက်ဆုံးရှုံးမှုအကြီးမားဆုံးနှစ်ဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်တွင် ရေခဲမြစ်များအရည်ပျော်မှုကြောင့် အာရှဒေသနှင့်သြစတြေးလျဒေသတို့၌ ရေလွှမ်းမိုးမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားသည်။

ထိုသဘာဝဘေးများကြောင့် ပါကစ္စတန်နိုင်ငံ၌ အနည်းဆုံးလူ ၁၇၀၀ ကျော်သေဆုံးပြီး ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၅ ဘီလီယံရှိသော်လည်း အများစုမှာအာမခံထားခြင်း မရှိသည်ကိုတွေ့ရသည်။

ထို့ပြင် ယမန်နှစ်အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်သည့် ဆုံးရှုံးမှုစုစုပေါင်းမှာ  ဒေါ်လာဘီလီယံ ၂၇၀ ရှိပြီး ထိုအထဲတွင်  အာမခံမထားသည့်ဆုံးရှုံးမှုများလည်းပါဝင်သည်ဟု ကမ္ဘာ့အကြီးဆုံးအာမခံကုမ္ပဏီဖြစ်သည့် Munich Re က ထုတ်ပြန်ထားသည်။    

Ref: Sputnik