ယူဂန်ဒါနိုင်ငံက အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုအဆုံးသတ်ကြောင်း ကြေညာ

ယူဂန်ဒါနိုင်ငံက အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုအဆုံးသတ်ကြောင်း ကြေညာ

ယူဂန်ဒါအစိုးရက နိုင်ငံအတွင်း အီဘိုလာ ရောဂါကူးစက်ပျံ့နှံ့မှုအဆုံးသတ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ယူဂန်ဒါနိုင်ငံ၌ ပြီးခဲ့သည့်လေးလမှစ၍ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားခြင်းဖြစ်ပြီး ထိုရောဂါကြောင့်ပင် လူ ၅၅ ဦးသေဆုံး သွားခဲ့ရသည်။ နိုင်ငံအတွင်း အီဘိုလာ ရောဂါပထမဆုံးဖြစ်ပွားသည့်နေရာမှာ မူဘန်ဒီခရိုင်ဖြစ်သည်။

ယခုကဲ့သို့ ယူဂန်ဒါနိုင်ငံအတွင်း အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှုအဆုံးသတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုထားပြီးဖြစ်ကာ ယူဂန်ဒါအစိုးရ၏လုပ်ဆောင်ချက်များကို ချီးကျူးကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ယူဂန်ဒါနိုင်ငံအနေနဲ့ စောင့်ကြည့်ခြင်း၊ ရောဂါပိုးရှိသူများနဲ့ ထိတွေ့ဖူးသူများကို ခြေရာခံလိုက်ခြင်း၊ ကူးစက်မှု၊ ကာကွယ်မှု၊ ထိန်းချုပ်ရေးဆိုတဲ့ အဓိကကျတဲ့လုပ်ဆောင် ချက်များကို ကောင်းစွာဆောင်ရွက်နိုင်တာ တွေ့ရပါတယ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယူဂန်ဒါနိုင်ငံ၌   ကူးစက်ပျံ့နှံ့သောရောဂါပိုးမှာ   ဆူဒန်အီဘိုလာဗိုင်းရပ်ဖြစ်သည်။

ထိုဗိုင်းရပ်သည်     အီဘိုလာရောဂါပိုး ခြောက်မျိုးအနက်တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းအတွက်အတည်ပြုထားသည့် ကာကွယ်ဆေးမရှိသေးကြောင်း  သိရသည်။

Ref: CNA