NATO အဖွဲ့ဝင်တစ်နိုင်ငံက တားမြစ်ပဒေသာဗုံးများကို ယူကရိန်းသို့ပေးပို့နေ

NATO အဖွဲ့ဝင်တစ်နိုင်ငံက တားမြစ်ပဒေသာဗုံးများကို ယူကရိန်းသို့ပေးပို့နေ

NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်  တူကီယဲနိုင်ငံသည် ကုလသမဂ္ဂက တားမြစ်ထားသည့်     ပဒေသာဗုံးများကို   ယူကရိန်းနိုင်ငံသို့ပေးပို့နေကြောင်း Foreign Policy မဂ္ဂဇင်းက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံအနေဖြင့်  အဆိုပါ တားမြစ်ခဲယမ်းများကိုပေးရန်   ယူကရိန်းအစိုးရက  ပြီးခဲ့သည့် လများကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခဲယမ်းများပေးပို့မှုကို နိုဝင်ဘာလကတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပတို့မှ  တာဝန်ရှိသူအသီးသီးက Foreign Policy မဂ္ဂဇင်းသို့ပြောသည်။

သို့သော်   ယူကရိန်းနိုင်ငံအနေဖြင့် အဆိုပါခဲယမ်းအရေအတွက်မည်မျှကို လက်ခံရရှိထားပြီး စစ်မြေပြင်၌ အသုံးပြုခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ထိုခဲယမ်းများကို နှစ်မျိုးသုံးအဆင့်မြှင့်သမားရိုးကျခဲယမ်းများဟု အမည်ခေါ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် NATO တပ်ဖွဲ့က ဆိုဗီယက်တပ်ဖွဲ့ကြီးကို တိုက်ခိုက်နိုင်ရေးအတွက် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ယင်းပဒေသာဗုံးများတွင် လူနှင့်အပေါ့စားသံချပ်ကာပစ်မှတ်များကို တိုက်ခိုက်နိုင်ရေးရည်ရွယ်ထားသည့်   ခဲယမ်းများစွာပါဝင်သည်။   ထိုဗုံးတစ်လုံးကျရောက်ပေါက်ကွဲပါက လူသေဆုံးမှုကိုပိုမိုများပြားစေမည်ဖြစ်သည်။

ယခုအချိန်တွင် ယူကရိန်းသို့ပေးပို့နေသော ပဒေသာဗုံးများမှာ စစ်အေးကာလတွင် အမေရိကန်နှင့် တူကီယဲနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။

တူကီယဲကုမ္ပဏီများက ၁၅၅ မီလီမီတာနှင့် ၁၂၂ မီလီမီတာ ပဒေသာဗုံးများကို ဖန်တီးထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                       

Ref: RT