PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံး၊ အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ်ကလေးငယ် ဦးသေဆုံး၊ အမျိုးသား ဦး မိုင်းစထိမှန်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

      မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီ ကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်း တို့ ၂ ဦးသည် အဆိုပါကျေးရွာ၏ အနောက်ဘက်၌ နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ကံကောင်းသည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

     အဆိုပါနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

  ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ ဗုံးထောင်ဖောက်ခွဲခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။