မြန်မာနိုင်ငံပြန်တမ်း ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း

မြန်မာနိုင်ငံပြန်တမ်း

၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အောက်ဖော်ပြပါဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများကို အစမ်းခန့်ကာလ(၁)နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြု ခန့်ထားလိုက်သည်-

                         အမည်                                         ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး

                                                                                   ရာထူး၊ ဌာန

    (က)   ပါမောက္ခ ဒေါက်တာအေဘီ       ပါမောက္ခချုပ် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)  ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန  ကျန်းမာရေးဝန်ကြီးဌာန

     (ခ)     ဦးအောင်ကျော်မိုး                     ညွှန်ကြားရေးမှူးချုပ် ပြန်လည်ထူထောင်ရေးဦးစီးဌာန  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

 

၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင်ကို မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။