စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခုရှိ ကွမ်းစိုက်ဧက ၉၀၀၀ ကျော်တွင် ကွမ်းရွက်များ ဆွတ်ခူးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခုရှိ ကွမ်းစိုက်ဧက ၉၀၀၀ ကျော်တွင် ကွမ်းရွက်များ ဆွတ်ခူးလျက်ရှိ

ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ခရိုင် ၁၀ ခုရှိ မြို့နယ်များ၌  ကွမ်းစိုက်ဧက  ၉၀၀၀ ကျော်တွင် ကွမ်းရွက်များ ဆွတ်ခူးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကွမ်းရွက်စိုက်ခင်းများကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ    မုံရွာခရိုင်၌ ဧက ၄၂၀၀၊ စစ်ကိုင်းခရိုင်၌ ၃၅၆ ဧက၊ ယင်းမာပင်ခရိုင်၌ ဧက ၇၉၀၊ ရွှေဘိုခရိုင်၌ ၇၈၉ ဧက၊ ရေဦးခရိုင်၌ ၁၅၆ ဧက၊ ကန့်ဘလူခရိုင်၌ ၂၅၇၄ ဧက၊ ကောလင်း ခရိုင်၌ ၂၂ ဧက၊ ကသာခရိုင်၌ ၉၁ ဧက၊ ကလေးခရိုင်၌ ဧက ၆၀၊ မော်လိုက်ခရိုင်၌ ၂၉ ဧကကို ဆွတ်ခူးနေပြီဖြစ်သည်။

“ကွမ်းရွက်ကို တိုင်းဒေသကြီးအတွင်းမှာ နှစ်စဉ် ဧက ၉၀၀၀ ကျော် စိုက်ပျိုး လျက်ရှိပါတယ်။ ထွက်ရှိတဲ့ ကွမ်းရွက်တွေကို တိုင်းဒေသကြီးအတွင်းမှာ အသုံးပြုသလို တခြားမြို့နယ်တွေကိုလည်း တင်ပို့ရောင်းချပါတယ်”ဟု ၎င်းင်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀  ခု၌  ကွမ်းစိုက်ဧက  ၉၀၇၅  ဧက စိုက်ပျိုးထားရာ လက်ရှိတွင် ၉၀၆၇ ဧကကို  ဆွတ်ခူးပြီး   ဈေးကွက်သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ပြီးခဲ့သည့်နှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီက   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ခရိုင်  ၁၀  ခု၌  ကွမ်းစိုက်ဧက ၉၀၇၀ စိုက်ပျိုးခဲ့ပြီး ၉၀၆၇ ဧက ဆွတ်ခူး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။