တောင်ကိုရီးယားက လျှပ်စစ်စွမ်းအင်အတွက် နျူကလီးယားဓာတ်အားပေးစက်ရုံများကို တိုးမြှင့်လည်ပတ်မည်

တောင်ကိုရီးယားက လျှပ်စစ်စွမ်းအင်အတွက် နျူကလီးယားဓာတ်အားပေးစက်ရုံများကို တိုးမြှင့်လည်ပတ်မည်

တောင်ကိုရီးယားနိုင်ငံက  လျှပ်စစ်စွမ်းအင် အတွက်    နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို တိုးမြှင့်လည်ပတ်မည် ဖြစ်ကြောင်းနှင့်    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အစီအစဉ်များကို   လျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံ၏လျှပ်စစ်စွမ်းအင် ၂၄ ရာခိုင်နှုန်းကို နျူကလီးယားဓာတ်အားပေး စက်ရုံများမှ ရရှိမည်ဟု ကနဦးအဆိုပြုချက်များတွင် ဖော်ပြထားသော်လည်း ယခုအခါ နိုင်ငံကလိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံးပုံတစ်ပုံအထိကို  ထိုစက်ရုံများက ထုတ်ပေးသွားနိုင်မည် ဖြစ်ကြောင်း အစိုးရ၏ ဇန်နဝါရီ ၁၂ ရက်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ယခင်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အားရရှိမှုသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၃၀ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ယခုအခါ ၂၁ ဒသမ ၆ ရာခိုင်နှုန်းသာရရှိတော့မည်ဟု လျှော့ချခန့်မှန်းလာသည်။ တောင်ကိုရီးယားနိုင်ငံ အနေဖြင့် ယခုဆယ်စုနှစ်အကုန်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၁၈ ခုနှစ်၌ ထွက်ရှိသည့် ပမာဏအနက် ၄၀ ရာခိုင်နှုန်းအထိ လျှော့ချသွားရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်နှစ်တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်သည့် ယွန်ဆော့ယိုက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်တို့ထက်  နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်သွားရန် ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင်    ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့အရည်သုံး   လျှပ်စစ်ဓာတ် အားပေးစက်ရုံများ လည်ပတ်မှုကို တစ်စထက်တစ်စ လျှော့ချသွားမည်ဖြစ်ကြောင်း    သိရသည်။                        

Ref: TST