နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

        (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူး ဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

        အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား နေပြည် တော်ကောင်စီအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူ များက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

        ထိုသို့ ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက  ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၁)စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးသိန်းအောင် (ကိုယ်စား) ဇနီးဒေါ်စန်းစန်းလွင် ထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

        အလားတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အလင်္ကာကျော်စွာ ဘွဲ့ရရှိသူ ဂီတပညာရှင် စန္ဒယားချစ်ဆွေ (ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းသန်း အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ မောင်မောင်လတ်(နောင်) အားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးဇော်ဝင်း(ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ဝင်း အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်(ငြိမ်း) အားလည်းကောင်း၊ သီရိပျံချီဘွဲ့ ရရှိသူ တရားရေးရာဌာနဝန်ကြီး ဦးခင်မောင်လတ်(ငြိမ်း) ကိုယ်စား သားဖြစ်သူ ဦးခင်မောင်လေး အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ လယ်ယာနှင့် သစ်တောဌာန ဒုတိယဝန်ကြီး ဦးကျော်ထိန် (ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ရီရီဝင်း အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ဒုတိယဝန်ကြီးချုပ်ရုံး ဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့ အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ် ဦးသိန်းအောင်(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်တင်တင်မြင့် အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင် (ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်ဖြူမာ အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစန်းဝေ(ငြိမ်း) အားလည်းကောင်း၊ ဝဏ္ဏ ကျော်ထင်ဘွဲ့ရရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတိုက်စိုး(ငြိမ်း) အား လည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ သမဝါယမဌာန ဒုတိယဝန်ကြီး ဦးကျော်သန်း(ငြိမ်း) အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ကျန်းမာရေးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး ထွန်းလှဖြူ(ငြိမ်း) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်သန်းသန်းမေ အားလည်း‌ကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဟန်ဇော် (ငြိမ်း)အားလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်(ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခိုင်နွယ်ဦး အားလည်း ကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒုတိယ စာရင်းစစ်ချုပ် ဒေါ်သင်းသင်း အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေး ဆရာ ဦးတင်ခ အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဒေါက်တာသော်ကောင်း အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ အနုပညာရှင် ဦးညွန့်ဝင်း(ကွယ်လွန်) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်မကြီး အားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးချုပ် စန်းကြည်(ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်တင်တင်ကြည် အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး) ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်လေးနွယ် အားလည်းကောင်း၊ အလင်္ကာကျော်စွာဘွဲ့ရရှိသူ စာရေးဆရာ ဦးမြင့်ကြည် (တက္ကသိုလ်မြတ်စိုး)အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန ဒုတိယဝန်ကြီး ဦးညွန့်မောင် (ငြိမ်း)ကိုယ်စား သမီးဖြစ်သူ ဒေါ်ကြူကြူမောင် အားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးဦးစောလှ(ငြိမ်း)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ခင်အေးရွှေ အား လည်းကောင်း၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် မောင်မြင့်(ငြိမ်း) အားလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏ နေအိမ်များ သို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

        ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ဦးထွန်းမြင့် ကိုယ်စား မြေးဖြစ်သူ ဦးတင်မြင့်လှိုင် အားလည်းကောင်း၊ သီရိပျံချီ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ “ဝ” အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းလူ(ခ)ဦးဒီကီ ကိုယ်စား သားဖြစ်သူ ဦးခွန်စောမင်းခေါင် အားလည်းကောင်း၊ ဝဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ ရှမ်းပြည်နယ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ် ကိုယ်စား ဦးစိုင်းရှောင်းဟန် အားလည်းကောင်း၊ ဝဏ္ဏကျော်ထင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိ သူ ဦးကေဗရပျံ ကိုယ်စား ဇနီးဖြစ်သူ ဒေါ်အယ်နီ အားလည်းကောင်း၊ အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ စာရေးဆရာ ဦးသန်းထွန်း အားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ ကြကြောင်း သတင်းရရှိသည်။