(၂၀၂၁-၂၀၂၂)ပညာသင်နှစ် နှင့် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

(၂၀၂၁-၂၀၂၂)ပညာသင်နှစ် နှင့် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၃

        (၂၀၂၁-၂၀၂၂)ပညာသင်နှစ်နှင့်(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့်ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်းတို့၌ အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး တိုင်းမှူးများနှင့် ဒုတိယတိုင်းမှူးတို့က အမှာစကားများ အသီးသီး ပြောကြားသည်။ ထို့နောက် ASEAN ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် နိုင်ငံတော်အဆင့် ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြား ပြသပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ လူရည်ချွန်အဆင့်ဆင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဗဟို၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့်များတွင် ကာယ၊ ဉာဏ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ပြီး ကျောင်းများအတွက် ထောက်ပံ့ငွေ များ ပေးအပ်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တေးသံသာ အကအလှများဖြင့် ဖျော်ဖြေကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တက်ရောက် လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ကြသည်။ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။