သီရိလင်္ကာနိုင်ငံက အသုံးစရိတ်ချွေတာနိုင်ရေးအတွက် စစ်အင်အားကိုလျှော့ချမည်

သီရိလင်္ကာနိုင်ငံက အသုံးစရိတ်ချွေတာနိုင်ရေးအတွက် စစ်အင်အားကိုလျှော့ချမည်

စီးပွားရေးချွတ်ခြုံကျမှုနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံက နိုင်ငံ၏ အသုံးစရိတ်ကို ချွေတာနိုင်ရေးအတွက် စစ်အင်အားကို သုံးပုံတစ်ပုံလျှော့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့အသုံးစရိတ်ချွေတာရေးအတွက် စစ်အင်အားကိုလျှော့ချရာတွင် လာမည့်နှစ်၌ စစ်သည်အင်အားကို ၁၃၅၀၀၀ အထိလည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်အရောက်တွင် စစ်သည်အင်အားကို တစ်သိန်းအထိလည်းကောင်း လျှော့ချသွားမည်ဟု ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၃ ရက်တွင်ပြောသည်။

ယခုကဲ့သို့စစ်အင်အားကို လျှော့ချခြင်းအတွက်    နောက်ထပ်အကြောင်းရင်းတစ်ခုမှာ စည်းစနစ်အရ သော်လည်းကောင်း၊ နည်းဗျူဟာအရသော်လည်းကောင်း ဟန်ချက်ညီမျှမှုရှိသည့်  ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို ဖန်တီးရန်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးသန်နာကွန်းက ပြောသည်။

သီရိလင်္ကာနိုင်ငံ၏စစ်အင်အားသည် ၂၀၁၇ ခုနှစ်နှင့်  ၂၀၁၉ ခုနှစ်တို့တွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး စစ်သည်အင်အား ၃၁၇၀၀၀ ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော အချက်အလက်များတွင် တွေ့ရသည်။

အဆိုပါပမာဏသည် ၂၀၀၉ ခုနှစ်တွင် ပြီးဆုံးသွားသည့် တမီးကျားသူပုန်များနှင့် ၂၅ နှစ်ကြာပဋိပက္ခ အတွင်းရှိ စစ်အင်အားနှင့် နှိုင်းယှဉ်ပါက လွန်စွာမြင့်မားနေသည်။

သီရိလင်္ကာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည်  ၂၀၂၁ ခုနှစ်တွင်  အမြင့်ဆုံးဖြစ်ပြီး ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP)၏ ၂ ဒသမ ၃၁ ရာခိုင်နှုန်း ရှိကာ ပြီးခဲ့သည့်နှစ်တွင်မူ ၂ ဒသမ ၀၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း   သိရသည်။

Ref: TST