ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံ၌ ခရီးသည်အဝင်အထွက် တစ်ရက်လျှင် ၄၉၀၀၀၀ ဝန်းကျင်ရှိ

ဇန်နဝါရီ ၈ ရက်မှစ၍ တရုတ်နိုင်ငံ၌ ခရီးသည်အဝင်အထွက် တစ်ရက်လျှင် ၄၉၀၀၀၀ ဝန်းကျင်ရှိ

တရုတ်နိုင်ငံ၌ နယ်စပ်များကိုဖွင့်လှစ်ပေးပြီးနောက် ခရီးသည်အဝင်အထွက်ပမာဏသည် ဇန်နဝါရီ ၈ ရက်မှစ၍  ဇန်နဝါရီ ၁၂ ရက်အထိ တစ်ရက်လျှင် ၄၉၀၀၀၀ ဝန်းကျင်ရှိကြောင်း   လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၃ ရက်တွင်ပြောသည်။

အဆိုပါပမာဏသည်    ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားသေးသည့် ၂၀၁၉ ခုနှစ်ကထက် ၂၆ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း   လျူဟေတောင်ကပြောသည်။

ထိုခရီးသည်များအနက် နှစ်သိန်းခွဲသည် ပြည်တွင်းသို့  ဝင်ရောက်လာခြင်းဖြစ်ပြီး ကျန်သူများမှာ   ပြည်ပသို့ထွက်ခွာခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် နယ်စပ်များကို ပိတ်ထားခဲ့ရာမှ   သုံးနှစ်အတွင်း  ပထမဆုံးအဖြစ် ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်များကိုဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရသည် ပြည်တွင်းသို့ ဝင်ရောက်လာသည့် ခရီးသည်များအတွက် ကွာရန်တင်း လိုအပ်ချက်များ အားလုံးကို ဖြေလျှော့ပေးထားသည်။ ဇန်နဝါရီ ၈ ရက်မှစ၍ လက်ရှိအချိန်အထိ ပတ်စပို့များ၊ ဟောင်ကောင်နှင့် မကာအိုသို့သွားမည့်ဗီဇာများလျှောက်ထားသူစုစုပေါင်း ၁ ဒသမ ၃၅ သန်းခန့်ရှိကြောင်း သိရသည်။

Ref: TST