(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲ ပြုလုပ်

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုပွဲကို ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာရှေ့မြက်ခင်းပြင်၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး အထိမ်းအမှတ်အခမ်းအနားတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် “ ရခိုင်တို့မြေလာခဲ့လေ” တေးသီချင်းဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သော စစ်တွေတက္ကသိုလ်ယဉ်ကျေးမှု အကအဖွဲ့နှင့် မြန်မာ့သိုင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၊  အမျိုးသမီးလွန်ဆွဲပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်ခဲ့ကြသူများကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရခိုင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ရိုးရာယိမ်းအကများ၊ တေးသီချင်းအဆို အကများ၊ မြန်မာ့သိုင်းသရုပ်ဖော်ပြသခြင်းများအား ကြည့်ရှုအားပေးကြပြီး ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။