ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ- ၁၄                                                      

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊  လွိုင်လင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို  ယနေ့ နံနက်ပိုင်းတွင် လွိုင်လင်မြို့ရှိ ခရိုင်အားကစားရုံ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင် များ၊ ဆရာ၊ ဆရာမများ၊  ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားများ တက်‌ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျောင်းသား၊ ကေျာင်းသူ ဘင်ခရာအဖွဲ့က တီးခတ်ဖျော်နေမှုကို ကြည့်ရှု အားပေးပြီး   ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ပညာရေးစုံညီပွဲတော်ကို ဆက်လက်ကျင်းပရာ လွိုင်လင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးစုံညီပွဲတော်တို့ နွဲပျော်သီချင်းဖြင့် ဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး  တိုင်းမှူးက ကျောင်းသား၊ ကျောင်းသူများအား ပညာရေးနှင့်ပတ်သက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားသည်။

          ယင်းနောက် လွိုင်လင်ခရိုင်ပညာရေးမှူးက စုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ထူးချွန်အောင်မြင်အောင် ပညာသင်ပေးခဲ့ကြ သည့် ဆရာ၊ ဆရာမများနှင့် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် စာပေဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။

          ၎င်းနောက် လွိုင်လင်မြို့နယ်အတွင်းရှိ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များက မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေကြပြီး တိုင်းမှူးက ပညာရေးစုံညီပွဲတော်အတွက် ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ပညာရေးစုံညီပွဲတော်တွင် ကပြ ဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို  ချီးမြှင့်ပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။

          ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ပြုလုပ်ထားသော စက်မှု၊ လက်မှုလက်ယာများနှင့် သင်ထောက်ကူပစ္စည်းပြခန်းတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ‌  ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်‌ငွေများအား ဂုဏ်ပြုချီးမြှင့် ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။