ရွှေဘိုခရိုင်၌ ဆောင်းကြက်သွန်နီ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

ရွှေဘိုခရိုင်၌ ဆောင်းကြက်သွန်နီ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ မြို့နယ်များ၌ ယခုဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်    ဆောင်းကြက်သွန်နီ လျာထားဧကထက် ကျော်လွန်စိုက်ပျိုး နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်အလိုက် စိုက်ပျိုးပြီးစီးမှု အနေဖြင့် ရွှေဘိုမြို့နယ်၌ ၂၅၇၆ ဧက၊ ခင်ဦးမြို့နယ်၌ ၄၈၇၂ ဧက၊ ဝက်လက်မြို့နယ်၌ ၄၅၉၅ ဧက စုစုပေါင်း ၁၂၀၄၃ ဧက စိုက်ပျိုးပြီးဖြစ်သည်။

“ကြက်သွန်နီက ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက်  နှစ်ဆလောက်  ပိုပြီးစိုက်ပျိုးထားတယ်။   ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ထွက်ရှိတဲ့   ကြက်သွန်နီက ဈေးကောင်းရတယ်။ လက်ရှိအထိလည်း  ဈေးကောင်းနေတဲ့အတွက်   စိုက်ဧက တိုးလာတာဖြစ်ပါတယ်။ တစ်ဧက ကုန်ကျစရိတ်အနေနဲ့   မနှစ်ကထက် ပိုများပေမယ့် စိုက်ဧကတိုးလာပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွှေဘိုခရိုင်၌ ယခုဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆောင်းကြက်သွန်နီ ၅၆၃၂   ဧကစိုက်ပျိုးနိုင်ရေး   လျာထားဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၁၂၀၄၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီက ဆောင်းကြက်သွန်နီ ၆၈၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။