တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့ကြသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမားများအား ဆုချီးမြှင့်

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့ကြသည့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမားများအား ဆုချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရရှိခဲ့ကြသည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အားကစားသမားများ အား ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ နည်းပြဆရာများ၊ ဆုရအားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိခဲ့ကြသော အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ နည်းပြများ အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ် ချီးမြှင့်ကြရာ အားကစားသမားများနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး အားကစားအသင်းများ ကိုယ်စား ပြေး၊ ခုန်၊ ပစ် အသင်းမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများ အား တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပြီး ဂုဏ်ပြုညစာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သတင်းရရှိသည်။