လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား  ဇန်နဝါရီ ၁၄ ရက်နံနက်ပိုင်းတွင်  အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက လွိုင်လင်မြို့၊ နယ်မြေခံတပ်ရင်းရှိ နဝရတ် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

       ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ  ပေးအပ်သည်။

       ယင်းနောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။