ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် 

 ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

၁။     ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းရှေ့၌ (၇၁)နှစ်မြောက်၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ ကျင်းပစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်း မဲ့ လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

၂။    KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား၊ ကျောင်းသူ ၆ ဦး၊ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံး ခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။

၃။  အပြစ်မဲ့ပြည်သူများအား ဤသို့ပစ်မှတ်ထား လူမဆန်စွာ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) က လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)