ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)သဘောထားထုတ်ပြန်ချက်

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်

၁။        ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးများဖြင့် လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

၂။        အဆိုပါ ယုတ်မာရိုင်းစိုင်းသောစိတ်ဓတ်ဖြင့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ် ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရပါသည်။

၃။        ယခုလုပ်ရပ်သည် အပြစ်မဲ့ပြည်သူများအပေါ် ဦးတည်ချက်ထားကာ ရည်ရွယ် လုပ်ဆောင်ခဲ့ကြောင်း ထင်ရှားသဖြင့် ၎င်းအကြမ်းဖက် လုပ်ရပ်ကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ လုံးဝ(လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့