မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရေးစုံညီပွဲတော် ကျင်းပ

မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၏ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရေးစုံညီပွဲတော် ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ- ၁၆                                                      

             မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်) ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းရှိ တေဇဆောင်၌ ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

             ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးက အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲ တော်အတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

             ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာကြသူများနှင့် အတူ ကျောင်းသား၊ ကျောင်းသူများ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။