(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် သဘောထားထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

        ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်သည့်အကြံဖြင့် လူမဆန်စွာပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနား ကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါလက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ နှင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၆ ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်း အရုံး(ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့က လက်မခံနိုင်ပါကြောင်း နှင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန် ခဲ့ကြကြောင်း သတင်းရရှိသည်။