မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်၊ တနင်္လာနေ့

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်၊ တနင်္လာနေ့

 

၁။      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို တိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် KNPP နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် လူမဆန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သား ၁ ဦး သေဆုံး၍ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ကျောင်းသားကျောင်းသူကလေးငယ် ၆ ဦးနှင့် အပြစ်မဲ့အရပ်သား ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကြားသိရပါသည်။

၂။      ပြည်ထောင်စုဖွား ကယားတိုင်းရင်းသားပြည်သူများ၏ ပြည်နယ်နေ့အခါသမယတွင် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာအား အများပြည်သူများ အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရစေရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်အား မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

 

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့