မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက် ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)

အကြမ်းဖက်လုပ်ဆောင်မှုများကို ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်

၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်

၁။           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်(တနင်္ဂနွေနေ့)တွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ တွင် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် အကြမ်းဖက် သမားအချို့က လက်နက်ကြီးများကို အသုံးပြု၍ ပစ်ခတ်ဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ အဆိုပါ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး အခမ်းအနားတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေသော ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးနှင့် ပြည်သူနှစ်ဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရခဲ့ပါသည်။ 

၂။            ယခုလုပ်ရပ်သည်ဒေသခံတိုင်းရင်းသားများ၏ အထိမ်းအမှတ်အခမ်းအနားကို ဖျက်ဆီး လိုသော ရည်ရွယ်ချက်အပြင် အပြစ်မဲ့ပြည်သူများအား သေကျေဒဏ်ရာရရှိစေရန် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ထင်ရှားသဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်ကို လုပ် ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)က ကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။ 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)