နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၁၈

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်၊ ခိုလမ်၊ ကွန်ဟိန်းနှင့် ကာလိမြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက ခိုလမ်မြို့၊ နယ်မြေခံတပ်ရင်း ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

       ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ  ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။