လင်းခေးမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

လင်းခေးမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

          တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

          အလားတူ ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်ရှိ  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်က နယ်မြေခံ တပ်ရင်းခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။