​​​​​​​မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာနှင့် မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာနှင့် မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာတို့၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၁

       ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံ ချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က အဆိုပါကျေးရွာရှိ သာသနာ့ ရောင်ခြည်စေတီဝန်း အတွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

      တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄၁ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အရိုး၊ အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေ မှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

        အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၂၁ ဦး အား ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးအဖွဲ့က ဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဆပ်သွားတော)၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး၊ အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကြရာ မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။