နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွာရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ရခိုင်ပြည်နယ်၊ မောင်တောဒေသသို့ သွာရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၂၁

     ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ ကျီးကန်းပြင်နယ်မြေ၊ ဇင်ပိုင်ညာနယ်မြေ၊ မြင်းလွတ်နယ်မြေ၊ အင်းဒင်နယ်မြေ၊ ကြိမ်ချောင်းနယ်မြေများရှိ နယ်စပ်ဒေသ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ လုံခြုံရေးတပ်ဖွဲ့များ၏ လုံခြုံရေး ဆောင်ရွက်နေမှု အခြေအနေများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

    ပြည်ထောင်စုဝန်ကြီးအား ခရီးစဉ်အတွင်း သက်ဆိုင်ရာ တပ်ဖွဲ့များမှ တာဝန်ရှိသူများက နယ်စပ်ဒေသလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     ပြည်ထောင်စုဝန်ကြီးသည် တပ်မိသားစုများအား တပ်ဖွဲ့တစ်ခုချင်းအလိုက် တွေ့ဆုံအမှာ စကားပြောကြားခဲ့ပြီး မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်ချီးမြှင့်သည်။

    ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် မိသားစုလိုင်းခန်းများအား လိုက်လံစစ်ဆေးကာ မိသားစုဝင်သားသမီးများအား ထောက်ပံ့ငွေများ တစ်ဦးချင်းပေးအပ်ပြီး တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့်အတူ နေ့လယ်စာ စားသုံးခြင်း၊ ညစာအတူ သုံးဆောင်၍ မိသားစုဝင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အားပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

    ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မောင်တောခရိုင်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံခြင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခြင်းကို သီးခြားစီဆောင်ရွက်ခဲ့ပြီး တင်ပြချက်များအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

    ၎င်းအပြင် ပြည်ထောင်စုဝန်ကြီးသည် ကညင်ချောင်းဒေသ စီးပွားရေးဇုံနယ်မြေနှင့် မြင်းလွတ်နယ်မြေရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးအတွက် ဆောင်ရွက် ထားရှိသည့် နယ်စပ်ခြံစည်းရိုး လုပ်ငန်းများကို မြေပြင်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခြံစည်းရိုးများ၏ လက်ရှိ အရည်အသွေးခိုင်မာမှု၊ ပျက်စီးမှု၊ပြန်လည်ပြင်ဆင်ရမည့် အခြေအနေများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ခြံစည်းရိုးတစ်လျှောက် ကင်းလှည့် ဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့သို့ရောက်ရှိစဉ် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ  လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရေး တို့အား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။