၂၀၂၃ ခုနှစ် ဇန်နဝါရီလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ(တတိယ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် အများအားဖြင့်သာယာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးရွာသွန်းနိုင်မှုအခြေအနေ

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

အမြင့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၆၄)ဒီဂရီဖာရင်ဟိုက်မှ (၇၅)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၇၆)ဒီဂရီဖာရင်ဟိုက်မှ (၈၄) ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈၅)ဒီဂရီဖာရင်ဟိုက်မှ (၉၄)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

အနိမ့်ဆုံးအပူချိန်အခြေအနေ

ချင်းပြည်နယ်တွင် (၃၀)ဒီဂရီဖာရင်ဟိုက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် (၄၀)ဒီဂရီ ဖာရင်ဟိုက်မှ (၄၉)ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊  ရခိုင်ပြည်နယ်နှင့်   ကချင်ပြည်နယ်တို့တွင် (၅၀)ဒီဂရီဖာရင်ဟိုက်မှ (၅၈)ဒီဂရီဖာရင်ဟိုက်အတွင်းနှင့်  ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆၀)ဒီဂရီဖာရင်ဟိုက်မှ (၆၉)ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။

လေထုစိုထိုင်းဆအခြေအနေ

ရန်ကုန်တိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၅၁ ရာခိုင်နှုန်း)မှ (၆၂ ရာခိုင်နှုန်း)အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊  ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် (၆၃ ရာခိုင်နှုန်း)မှ(၇၄ ရာခိုင်နှုန်း)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၇၅ ရာခိုင်နှုန်း)မှ (၈၆ ရာခိုင်နှုန်း)အတွင်း အသီးသီးရှိနိုင်ပါသည်။

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂၃ မီလီမီတာ)မှ (၃၄ မီလီမီတာ)အတွင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၅ မီလီမီတာ)မှ (၄၆ မီလီမီတာ)အတွင်း အသီးသီးရှိနိုင်ပါသည်။

မြေဆီလွှာအောင်းရေအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ခြောက်သွေ့) အခြေအနေ အသီးသီးရရှိနိုင်ပါသည်။                                                  

(မိုး/ဇလ)