ကိုဗစ်-၁၉ ရောဂါက နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကူးစက်ထားပြီးဖြစ်ဟု တရုတ်ပြော

ပေကျင်း၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါက နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကူးစက်ထားပြီးဖြစ်ဟု တရုတ်ပြော

ကိုဗစ်-၁၉ ရောဂါက နိုင်ငံ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိကို ကူးစက်ထားပြီးဖြစ်ကြောင်း တရုတ်အစိုးရအဖွဲ့မှ သိပ္ပံပညာရှင် တစ်ဦးက ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။

တရုတ်နှစ်သစ်ကူးကာလအတွင်း ပြည်သူများ၏ ခရီးသွားလာမှုများ လွန်စွာများပြားမည်ဖြစ်သော်လည်း   အချိန်တိုအတွင်းကိုဗစ်-၁၉ ရောဂါ နောက်တစ်ကျော့ကူးစက်မှု မဖြစ်နိုင်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနမှ ကပ်ရောဂါကျွမ်းကျင်ပညာရှင် ဝူဇန်ယိုက ပြောသည်။

မကြာသေးမီက အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်များ ဖြေလျှော့မှုများအပြီးတွင် တရုတ်ပြည်သူ သန်းပေါင်းများစွာက နှစ်သစ်ကူးကာလ၌ မိသားစုပြန်လည်ဆုံစည်းနိုင်ရေးအတွက် ခရီးသွားလာမှုများ လုပ်ဆောင် နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဆေးပေးခန်းများ၊ အရေးပေါ်ခန်းများတွင် ကိုဗစ်-၁၉ လူနာများ ပြည့်ကျပ်နေမှုနှင့် သေရေးရှင်ရေး ဖြစ်နေသော အခြေအနေများရှိသည့် ကိုဗစ်လူနာများ မရှိတော့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ပြီးခဲ့သည့် သီတင်းပတ် တွင် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပြီးနောက် ဇန်နဝါရီ ၁၂ ရက်အထိ ထိုရောဂါဖြင့် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိကြောင်း အစိုးရကထုတ်ပြန်သော စာရင်းဇယားများအရ သိရသည်။   

Ref: CAN