ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမား များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမား များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၂၂

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအတွင်းရှိ   နေအိမ်များအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမား အင်အား ၇၀ ဦးခန့်သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၅ လုံးမီးလောင် ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။