လော့အိန်ဂျလိမြို့အနီး၌ ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁၀ ဦးသေဆုံး

လော့အိန်ဂျလိမြို့အနီး၌ ပစ်ခတ်မှုဖြစ်ပွား၊ လူ ၁၀ ဦးသေဆုံး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ မွန်တဲရီပါ့မြို့၌ သေနတ်ဖြင့်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံးလူ ၁၀ ဦးသေဆုံးပြီး  ၁၀  ဦးဒဏ်ရာရရှိသွားကြောင်း  ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်တွင်ပြောသည်။

သေနတ်သမားတစ်ဦးသည် မွန်တဲရီပါ့မြို့ရှိ တရုတ်နှစ်သစ်ကူးပွဲတော် ကပွဲကျင်းပရာနေရာကို ဦးတည်ချက်မဲ့ပစ်ခတ်ခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါသေနတ်သမားသည်  ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မွန်တဲရီပါ့မြို့သည်   လော့အိန်ဂျလိမြို့လယ်ကောင်၏အရှေ့ဘက် ၁၃ ကီလိုမီတာခန့်အကွာတွင်တည်ရှိပြီး လူဦးရေ ၆၁၀၀၀ ခန့်သာနေထိုင်ကာ အများစုမှာအာရှနွယ်ဖွားများ ဖြစ်သည်။

ပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူကိုသော်လည်းကောင်း၊  သံသယရှိသူအသုံးပြုသည့်  လက်နက်ကိုသော်လည်းကောင်း ရဲတပ်ဖွဲ့က အသေးစိတ် ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

အမေရိကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုများသည် ကြီးမားသောပြဿနာတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင်     ယင်းကဲ့သို့ ပစ်ခတ်မှုစုစုပေါင်း ၆၄၇ ခုရှိကာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ  ၄၄၀၀၀ ကျော်ရှိသည်။

၎င်းတို့အနက်   ထက်ဝက်ခန့်မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံသူများ ဖြစ်ကြောင်းသိရသည်။

Ref:CNA