FBI က ဂျိုးဘိုင်ဒင်၏နေအိမ်မှ လျှို့ဝှက်စာရွက်စာတမ်းများထပ်မံတွေ့ရှိ

FBI က ဂျိုးဘိုင်ဒင်၏နေအိမ်မှ လျှို့ဝှက်စာရွက်စာတမ်းများထပ်မံတွေ့ရှိ

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)မှ တာဝန်ရှိသူများသည် ဒယ်လာဝဲပြည်နယ် ဝေမင်တန်မြို့ရှိ လက်ရှိအမေရိကန် သမ္မတဂျိုးဘိုင်ဒင်၏ နေအိမ်မှ လျှို့ဝှက်စာရွက်စာတမ်းများကို ထပ်မံတွေ့ရှိကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင် ဂျိုးဘိုင်ဒင်၏နေအိမ်၌ ၁၃ နာရီခန့်ကြာ ရှာဖွေမှုများလုပ်ဆောင်ပြီးနောက် လျှို့ဝှက်စာရွက်စာတမ်း ၆ စောင်၊ ယင်းနှင့်ဆက်စပ်နေသည့် လက်ရေးမူများကို သိမ်းဆည်းရမိခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်၏  ပုဂ္ဂလိကအကြံပေးအဖွဲ့ထံမှ လျှို့ဝှက်စာရွက်စာတမ်းများကို တွေ့ရှိမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုရှာဖွေစစ်ဆေးမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဗဟိုစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူများအနေဖြင့် ဝေမင်တန်မြို့ရှိ သမ္မတ၏နေအိမ်အတွင်း စေ့စေ့ပေါက်ပေါက်ရှာဖွေ ခွင့်ရရှိထားကြောင်း ဂျိုးဘိုင်ဒင်၏ ရှေ့နေကပြောသည်။

ယခုရှာဖွေမှုကို   ဂျိုးဘိုင်ဒင်ရှေ့နေများ၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ရှာဖွေမှုများ လုပ်ဆောင်နေစဉ် သမ္မတနှင့်သမ္မတကတော်တို့အနေဖြင့် နေအိမ်၌ရှိမနေကြောင်း အိမ်ဖြူတော်ရှေ့နေချုပ်ရုံးမှ ရစ်ချတ် ဆောဘားနှင့် CNN သတင်းဌာနတို့က ပြောသည်။

ဂျိုးဘိုင်ဒင်နှင့်ပတ်သက်၍ သက်ဆိုင်ရာမဟုတ်သော နေရာများမှ လျှို့ဝှက်စာရွက်စာတမ်းများတွေ့ရှိမှုသည် ယခုအကြိမ်နှင့်ဆိုပါက လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။                     

 Ref: RT