လားရှိုးမြို့ရှိ၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ အသစ်ဆောက်လုပ်လျက်ရှိသော သုံးထပ်တိုက် သံဃာ့ကျောင်းဆောင်သစ်အတွက် အလှူငွေများဆက်ကပ်လှူဒါန်း

လားရှိုးမြို့ရှိ၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ အသစ်ဆောက်လုပ်လျက်ရှိသော သုံးထပ်တိုက် သံဃာ့ကျောင်းဆောင်သစ်အတွက် အလှူငွေများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၃

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား ဖူးမြော်ကြည်ညိုကြသည်။

          ထို့နောက်  ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းတိုက်အတွင်း အသစ်ဆောက်လုပ်လျက်ရှိသော သုံးထပ်တိုက် သံဃာ့ ကျောင်းဆောင်သစ်အတွက် နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူ ပူဇော်ကြပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။