နတ်မောက်မြို့နယ်ရှိကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်၍ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ

နတ်မောက်မြို့နယ်ရှိကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်၍ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ

    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိကျေးရွာများ၌ စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်၍    မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း အဆိုပါကျေးရွာများရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

နတ်မောက်မြို့နယ်ရှိ    ကျေးရွာများ၌ ယခင်က မိရိုးဖလာ နွား၊ သိုး၊ ဆိတ်များကို မိသားစုတစ်နိုင်တစ်ပိုင်သာ မွေးမြူကြသော်လည်း ယခုအခါ စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်၍  စီးပွားဖြစ် မွေးမြူလျက် ရှိကြောင်း သိရသည်။

နွားမွေးမြူရာတွင် ခြံကျောင်း၊ လွှတ်ကျောင်းစနစ်တို့ဖြင့် မွေးမြူကြပြီး အပြာစပ်နွားမျိုးများကို အဓိကထား မွေးမြူကြသည်။ ဈေးကွက်တွင် အပြာစပ်နွားမျိုးဟုခေါ်ဝေါ်ကြပြီး ဒေသအခေါ် အဖြူရောင် နွားမျိုးများကိုသာ လူကြိုက်များကြောင်း၊အနီ၊ အနက်နှင့် အညိုရောင်နွားများသည် ဈေးကွက်တွင်   အပြာစပ်နွားမျိုးလောက် ဈေးနှုန်းမရရှိကြောင်း သိရသည်။

နွားမွေးမြူသူတစ်ဦးလျှင်  အနည်းဆုံး ၁၀ ကောင်မှ အကောင်ရေ ၃၀ ခန့်အထိ မွေးမြူကြပြီး  နွားဈေးကွက်များဖြစ်သည့်  မြို့သစ်ဈေး၊  လေးအိမ်ဈေး၊  ပျော်ဘွယ်ရနောင်ဈေးတို့သို့ ရောင်းချကြကြောင်း သိရသည်။