မြိတ်မြို့၌ ဆီအုန်းပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်းဆရာဖြစ်သင်တန်းဖွင့်လှစ်

မြိတ်မြို့၌ ဆီအုန်းပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်းဆရာဖြစ်သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး     မြိတ်မြို့စန္တဝတ်ကျေးရွာအုပ်စု    ရွေဒူးကျေးရွာရှိ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာန      နှစ်ရှည်သီးနှံဌာနခွဲ၌ ဆီအုန်းပျိုးခင်းနှင့်  စိုက်ပျိုးထိန်းသိမ်းခြင်း ဆရာဖြစ် သင်တန်းကို ဇန်နဝါရီ ၂၃ ရက် တွင် အဆိုပါ ဌာနရှိ ခန်းမ၌ ဖွင့်လှစ်သည်။ 

အခမ်းအနားတွင် မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး  စန္တဝတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က  ဒေသတွင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ပြောကြားပြီး     ဒေသတွင်း ဆီအုန်းစိုက်ပျိုး တိုးတက်လာမှုကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နှစ်ရှည်ပင်များ သုတေသန နှင့်နည်းပညာဖွံ့ဖြိုးရေးဌာနမှ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးမြင့်က ဆီအုန်းပျိုးခင်းများကို  စနစ်တကျ ပျိုးထောင်တတ်စေရန်၊  ဆီအုန်းစိုက်ပျိုးမှု   ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊   ဆီအုန်းခူးရာတွင် စနစ်များမှန်ကန်စွာအသုံးပြုနိုင်စေ ရန်ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့  မြိတ်မြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများမှ    သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ကြောင်း သိရသည်။