စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

 အမှတ်စဉ် (၃၂)

တရုတ်နိုင်ငံထဲက မဲခေါင်မြစ်ပေါ်မှာပဲ အားလုံးပေါင်းတမံ ၂၁ ခု လျာထားခဲ့တဲ့အထဲမှာ အချို့ပြီးစီးနေပြီး အချို့ဆောင်ရွက်နေဆဲ၊ အချို့ဆောင်ရွက်တော့မယ့် အခြေအနေတွေဖြစ်ပါတယ်။ အဲဒါတွေကတော့-

ဖော်ပြပါဇယားကို  လေ့လာလျှင်  တရုတ်နိုင်ငံဟာ  မဲခေါင်မြစ် (Lancang) ပေါ်မှာ တမံစုစုပေါင်း ၂၂ ခု တည်ဆောက်ရန် လျာထား

ခဲ့သော်လည်း နှစ်ခုကို ပယ်ဖျက်ထားပါတယ်။ ကျန်ခဲ့တဲ့ ၂၀ ထဲမှာ ၁၁ ခုဟာ ပြီးစီးနေပြီဖြစ်ပြီး ၉ ခုဟာ လျာထားအဆင့်ဖြစ်ပါတယ်။ ဆောင်ရွက်ပြီးစီးခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ၁၁ ရုံရဲ့ တပ်ဆင်အင်အားဟာ မဂ္ဂါဝပ် ၂၁၄၁၀ ထိ ကြီးမားနေပါတယ်။ ယမ်စီမြစ်ပေါ်က မြစ် ကျဉ်းသုံးသွယ် (Three Gorges) ရေအားလျှပ်စစ်စက်ရုံမှာ ၂၂၅၀၀ မဂ္ဂါဝပ် တပ်ဆင်ထားတဲ့အတွက် ၎င်းပမာဏနဲ့ မဲခေါင်မြစ်ပေါ်က စီမံကိန်းအားလုံးပေါင်းဟာ အတူတူနီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ ဒီတော့ ယူနန်ပြည်နယ်မှာ ဓာတ်အားတွေ ပိုလျှံနေလို့ ပြည်မနဲ့တောင်ပိုင်းကို မဟာဓာတ်အားလိုင်းကြီးများနဲ့ ပို့လွှတ်နေရပြီဖြစ်ပါတယ်။

လာအိုနိုင်ငံ မဲခေါင်မြစ်ပေါ်မှ စီမံကိန်းများ

ဖော်ပြခဲ့တဲ့အတိုင်း မဲခေါင်မြစ်ဟာ ဒေသတွင်းမှာ အလွန်ကြီးမားတဲ့ မြစ်ဖြစ်ပေမယ့် မိမိနိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမယ်ဆိုရင် လိုအပ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဆောင်ရွက်တယ်ဆိုတာ တရုတ်နိုင်ငံက ပြီးစီးနေတဲ့ စီမံကိန်း ၁၁ ခုက သက်သေပြ ခဲ့ပြီးပါပြီ။ ယခုလာအိုနိုင်ငံက မဲခေါင်မြစ်ကို ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဘယ်လိုစီမံနေတယ်ဆိုတာ အကျဉ်းဖော်ပြပါမယ်။ လာအို နိုင်ငံရဲ့ စွမ်းအင်အကြောင်းကို နောက်ပိုင်းမှာ ဖော်ပြမှာဖြစ်တဲ့အတွက် မဲခေါင်မြစ်ပေါ်က တည်ဆောက်ဆဲ၊ တည်ဆောက်ရန်များ ကိုသာ ယခုဖော်ပြပါ့မယ်။

လက်ရှိလာအိုနိုင်ငံထဲက မဲခေါင်မြစ်ပေါ်မှာ ဆောင်ရွက်ဆဲ ရေအားလျှပ်စစ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ဖော်ပြပါ အချက်အလက်များအရ လာအိုနိုင်ငံဟာ မဲခေါင်မြစ်ပေါ်မှာပင် လက်ရှိစီမံကိန်းနှစ်ခု အကောင်အထည်ဖော်လျက်ရှိပြီး တတိယ စီမံကိန်းဟာ အကြိုပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါတယ်။ နောက်ထပ် စီမံကိန်းခြောက်ခုဟာလည်း ဆောင်ရွက်ရန် လျာထားပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် မဲခေါင်မြစ်တစ်ခုတည်းသာရှိတဲ့ လာအိုနိုင်ငံဟာ အမိမဲခေါင် မြစ်ပေါ်မှာ စီမံကိန်းများ ဆောင်ရွက်နေသလို လက်တက်မြစ်များပေါ်မှာလည်း ရာဂဏန်းသော အသေးစား၊ အလတ်စား၊ အကြီးစားများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိပါတယ်။

ဆာရာပူရီကို အောက်ဘက်က နိုင်ငံအချို့နဲ့ ပတ်ဝန်းကျင်သမားအချို့ ဆူညံစွာပြောဆိုနေပေမယ့် လာအိုနိုင်ငံခေါင်းဆောင်ဟာ လုပ်စရာရှိတာကို စနစ်တကျဆက်လုပ်ခဲ့တယ်။ စီမံကိန်း Model Test ကို ထိုင်းနိုင်ငံ Asia Institute of Technology (AIT) မှာ  စမ်းသပ်တဲ့အခါ သူကိုယ်တိုင် အဲဒီထိုင်းနိုင်ငံတက္ကသိုလ်က Model Test လုပ်တဲ့နေရာထိ သွားရောက်ကြည့်ရှု အကြံပေး တာကို စာရေးသူကိုယ်တိုင်ကြုံခဲ့ရပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ လျှပ်စစ်ရရှိရေးကို မဖြစ်မနေလုပ်ရမယ့် ပြန်ပြည့်မြဲစွမ်းအင် ဖြစ်တဲ့ ရေအားလျှပ်စစ်ကို ဦးစားပေးရမယ်ဆိုတာ နိုင်ငံခေါင်းဆောင်ကိုယ်တိုင် သဘောပေါက်နေတာက သူ့နိုင်ငံအတွက် အလားအလာ ကောင်းဖြစ်ပါတယ်။          

ဆက်လက်ဖော်ပြပါမည်။    

မော်သာထွေး(မန္တလေး)