စေတုတ္တရာမြို့နယ်၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီး

စေတုတ္တရာ၊ ဒေသဖွံ့ဖြိုးရေး

စေတုတ္တရာမြို့နယ်၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး   စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ခိုဝင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(ဠီဏ)ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးနေမှု  အခြေအနေများကို ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ခိုဝင်ကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးနေမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးကြပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဘက်စုံသုံးခန်းမ  ရေရှည်အသုံးပြုနိုင်ရေး ပြည်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။ စေတုတ္တရာမြို့နယ် မထိမ်းကျေးရွာ အုပ်စု ခိုဝင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် လေးသိန်း စုစုပေါင်းငွေကျပ် ၁၀၄ သိန်းအသုံးပြုပြီး အလျားပေ ၃၀၊ အနံပေ ၂၀၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းကို စေတုတ္တရာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာများနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများ၏ နည်းပညာကူညီပံ့ပိုးမှု၊ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်ပြီးဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။

ကိုနိုင်(ကျေးလက်)